Friday, July 27, 2012

*အမေ*

အမေဆို
သဲက န္တာရထဲက
အိုအေစစ်လေးတစ်ခုပါ....
သဲက န္တာရထဲမှာ
အိုအေစစ်စာအရမ်းရှားပါတယ်
လူ့ဘ၀မှာအမေ့လိုမေတာနဲ့
ချစ်နိုင်တဲ့သူဆိုတာ
တစ်ယောက်တည်းရှိနိုင်
တာပါလား...........

Thursday, July 26, 2012

*ချစ်သူ*

မင်းက ငါကို မင်းကြိုးဆွဲရာကို ကနေတဲ့ရုပ်သေးရုပ်လို့ သဘောထားရင်လဲ
ငါကျေကျေနပ်နပ်နဲ့ မင်းကို ချစ်နေပါတယ်
ငါဟာမင်းရဲ့ ခဏတာချစ်သူလို့ မင်းသတ်မှတ်နေရင်တောင်
ငါမင်းကို မမုန်းပဲချစ်နေမှာပါ :44

*သတိတကယ်ဖြစ်တတ်သည်*

* လေယူရာတိမ်း
ယိမ်းနွဲ.တတ်တဲ့
အချစ်သစ်ပင်
စိုက်ပျိုးစဉ်က
ကျွေးတဲ့မြေဆီ
`သစ္စာ´မည်၏။
* နားလည်မှုတရားနဲ.
ပက်ဖြန်းခဲ့တဲ့သီတာရေကြည်
`ခ န္တီ´တွေဖြစ်နေတော့
ပွင့်လန်းခဲ့တဲ့ မာလာဆိုလည်း
အကြင်နာတွေပဲလေ။
* ဒီလောက်လှပ
ရှုမ၀တဲ့အချစ်သစ်ပင်
သံသယဆိုတဲ့လေနီကြမ်း
တစ်ချက်ရမ်းလိုက်တာ
ပင်စည်ကျိုးကျ မြေခခဲ့ရတယ်။ 303

တမ်းတမိတယ်“အမေရယ်”

အမေ.
တမ်းတမိတယ်
တစ်ချိန်က စိမ်းစိုနေတဲ့ ရပ်ကွက်လေးရယ်
. အိမ်အိုလေးနဲ့ ဆီမပြည့်တဲ့ မီးခွက်ငယ်ရယ်.
. အဟာရ မပြည့်စုံတဲ့ ထမင်းဝိုင်း နဲ့ 
မေတ္တာတွေ လွှမ်းခြုံနေတဲ့ မေမေ့ ရင်ခွင်..
. ရည်မှန်းချက်ကြောင့် အေးမြတဲ့ မေမေ့ရင်ခွင်နဲ့ 
့ဝေးနေပေမဲ့ လွမ်းဆွတ် တမ်းတမိတယ် မေမေရယ်..
ရည်မှန်းချက်တွေ ပြည့်တဲ့ နေ့ 
မေမေ့ရင်ခွင်ထဲ ပြေးလို့ ခိုလှုံချင်ပြီ.. 

. ကျင်လည်ခဲ့တဲ့
. ပတ်ဝန်းကျင်နဲ့  ကွာခြားနေလေရဲ့ မေမေရယ်.
. ကြားနေရတဲ့ စကား ဂုဏ်ဒြပ် တွေ အကြောင်း
မေတ္တာ တရားတွေခမ်းခြောက်နေတဲ့ လူတစ်စု တွေကြား
မပျော်ဘူး မေမေ...
ရိုးသားမှုတွေ ပျောက်ရှ ဂရုဏာ တရားတွေကင်းပျောက်
သိက္ခာ ကို ငွေနဲ့ လဲ
ကိုယ်ကျင့်တရားကို ရောင်းစား နေကြတဲ့ 
လူတစ်ချို့ လည်းရှိလေရဲ့ မေမေ
ကျင်လည်ခဲ့ တဲ့ ပတ်ဝန်းကျင်နဲ့ 
ပြဒါးတစ်လမ်း သံတစ်လမ်းပေါ့ မေမေ
ရောင်စုံ လူတွေကြားမှ ဘ၀ကို ကြိုးစားလို့ 
တနေ့ မေမေ့ မေတ္တာရိပ်ကို ခိုလှုံဖို့
ပြန်လာခဲ့မယ်မေမေ ..။

Wednesday, July 25, 2012

“ချစ်သူဝတုတ်တုတ်”

ယဉ်စစနဲ့  ချစ်သဖွယ်

သူ့မျက်နှာလေးရယ်

အောင်မယ့်လေးဟဲ့

သူ့ကိုယ်လုံး...

ဝက်ကလေးရယ်တဲ့ရှုံး....

“သူ့ရဲ့ပုံရိပ်လေး”

အရောင်မှိန်မဲ့   နောင်တစ်ချိန်မှာ

ပုံရိပ်တစ်ခု   မေ့ပျောက်လုလဲ

ရင်တွင်းနန်းတော်  ရင်ပြင်ပေါ်မှာ

အဲမြဲရှိနေသေးတာ .............. ပုံရိပ်လေးပါ....

“သူ့အတွက်ကဗျာ”

သူ့ကိုလွမ်းတော့    သတိရတော့

ကဗျာလေးတွေ  ရေးပါတယ်....

ကဗျာထဲမှာ သူ့အကြောင်းပါ

သူ့ကိုလွမ်းတိုင်း  ဖတ်မိသည်....

သူ့တော့မသိအား   မေ့ပြီလား

ကိုယ်တော့  မမေ့ပြီ....

သူ့ရဲ့အပြုံး အလှဆုံး

ကိုယ်ထင်  မှတ်ပါသည်....

သူ့အကြောင်းရေးတာ ဒီကဗျာ

သူတော့ မသိပြီ......

“သိပ်ချစ်ရသောရှမ်းမလေး”

အေးချမ်းတဲ့ပြည်  သူ့ရှမ်းပြည်

အလယ်တစ်ခေါက်  တို့ရောက်သည်။

ထူးဆန်းထွေလာ  ရှမ်းအစားအစာ

များစွာများစွာ  ရှိပါသည်။

တို့သည်အထဲ  တို့အသဲမှာ

စွဲကျန်စွာ နေ့တိုင်းဝယ်စား

သူရောင်းချတယ့်  ရှမ်းတို့ရိုးရာ

စားစရာ  ရှမ်းခေါက်ဆွဲလေးပါ။

ရှမ်းခေါက်ဆွဲရောင်းတဲ့  အီနန်းရယ်

အရမ်းလွမ်းတယ်ကွယ်

အခြေအနေအရ  ပြန်မလာရတာ

လွိုင်ဆန်ဆစ်ရေး  ခွင့်လွှတ်ပါ...

“ငါမကျေနပ်ဘူး”

နှစ်တွေက ဘာလို့ တစ်နှစ်ပြီးတစ်နှစ်

ပြောင်းနေရတာလဲ?

ရက်တွေကရော ဘာလို့ တစ်ရက်ပြီး

တစ်ရက်ကုန်ဆုံးနေရတာလဲ?

အချိန်တွေကရော  ဘာလို့  ကုန်ဆုံးတာ

မြန်နေရတာလဲ?

 

ဒါဟာ  သဘာဝ  ဆိုပေမယ့်.......

 

ငါ့ကို  လွမ်းစရာ   နှစ်တွေ၊   ရက်တွေ၊

အချိန်တွေ     ပေးခဲ့တယ့်   အဲ့ဒီ

သဘာဝကြီး     ကို    ငါမကျေနပ်ဘူး....

“................. ကိုချစ်တယ်”

“ချစ်လဲချစ်တယ်
 
ညစ်လဲညစ်တယ်
 
သူ့မှာသူရှိတယ်......
 
ဒီအကြောင်းမရာ
 
မရေရာလဲ
 
မေးဖို့ကလည်းမ၀ံ့ပါ......
 
ရင်မှာပေါက်ဖွား
 
သံစဉ်များကို
 
သူ့နားတော်များ
 
ပေါက်ကြားသွားရင်
 
အခင်အမင်ရယ်
 
ပျက်မှာစိုးတယ်......
 
သို့ပေမယ့်လဲ
 
ပြောလိုက်မယ်
 
.................ကိုသိပ်ချစ်တယ်..........”

မနှိုင်းသင့်တဲ့အရာ

မိုးက ရွာတယ်

အမေ့ နို့ကချိုတယ်

အုန်းသီးရှာထွက်သွားတဲ့ အဖေ

တမလွန်မှာ ခရီးကျွံနေတာ

ပြက္ခဒိန် (၁၈) ချပ်တောင်ဟောင်းပေါ့

အမေတစ်ခု သားသမီးလေးခုနဲ့

ရောင့်ရဲ့ တတ်ခဲ့ရတဲ့အမေ

အနေတတ်ခဲ့လို့ သားတို့ဘ၀တွေ

အခြေမပျက်ခဲ့ရပါဘူး........။

မရေတွက်နိုင်အောင်

များပြားလှတဲ့ ကျေးဇူးတွေ

အခုမှတွေးဖူးတာ ရင်နာစရာပါ..........။

ပင်ပန်းနွမ်းနယ်နေတဲ့

အိပ်တန်းပြန်ငှက်ကလေးတွေကို

အပန်းပြေစေတဲ့ အမေ့အသံ

အမေ့ဟန် အမေ့စေတနာမှန်တွေက

မြင့်မိုရ်တောင်နဲ့ အနှိုင်းခံရတာ

အမေနစ်နာလွန်းပါတယ်ဗျာ............

“အမေသို့.......”

အမေ
အားကိုးစရာ မဟုတ်သေးပေမယ့်
သားဆိုးတစ်ယောက်တော့ ကျနော်မဟုတ်ခဲ့ပါ။

ခက်ခဲ့တဲ့ခရီး ကြမ်းတမ်းတဲ့လမ်း
ခရောင်းလမ်းမှန်းလည်း သားသိပါတယ်..

အမေ
အမေ့ရဲ့ အပြုံး သားအတွက် ရင်အခုန်ဆုံးမို့
အမေနွမ်းလျှ ညှိုးငယ်ပြမှာ သားတို့မလို။
အမေ့စကား ရင်ဝယ်ထားလို့
ဦးထိပ်ပန်ဆင် အမေ မငြိုငြင်အောင် နေခဲ့ပါတယ်…

သို့သော်…
ဗီဇကဆိုး ဝိဉာဏ်မျိုးက
ဝင်ရောက်ပူးကပ် နှောက်ယှက်လေလား?
နက်နဲအသိ နည်းလေရော့လား?
ပညာမဲ့သည့် ရမ္မက်ကြည့်နဲ့
မောဟဖုံးတော့
သွေးချင်းမလို စည်းစိမ်သာလိုတဲ့ သားဆိုးတွေ…

အာဏာပေါ်ဝဲစွဲ ပြည်သူကိုအသည်းခွဲ
မွဲလျက် ခွက်စွဲတာတောင် အကြင်နာဟာ
ပျက်သုန်းနေကြစဲပါ …

အမေ
မေတ္တာမဲ့သူ ကျေးဇူးပြောလည်း
ဒဏ္ဏာရီလား ရယ်စရာများ
ဖြစ်သွားလေမလား အမေ..

တစ်ကယ်ပါ အမေ
နီးလျက်နဲ့ဝေး ဝေးလျက်ဆုံခွင့်က ရေးတေးတေးမှာ
ဘဝကငို ကံကြမ္မာကို အပြစ်မဆို
သံသရာဟာ လည်ပတ်နေတာမို့
ကျေနပ်စွာ ဒီဝဋ်ကြွေး
ရင်ကော့ကာ သားတို့ပေးဆပ်လိုက်ပါ့မယ်…

အမေ
အမေ့ပြောစကား ဝေဝေဝါးဝါး သားတို့မဖြစ်ပါ။
စိတ်ချစွာနဲ့ အမေရဲ့ ဆန္ဒ
အမေတောင့်တတဲ့ ငြိမ်းချမ်းတဲ့ပြည်
ဒို့မြန်မာပြည်ကို စည်ပင်တိုးပွား
အေးချမ်းစွာဖြင့် သားတို့လက်တွဲ
တူယှဉ်နွှဲလို့ ညီညာစည်းလုံး
တစ်နိုင်ငံလုံး တွဲလက်မြဲမှ
လိုတရမှာ မလွဲပါ။
အနာဂတ်ဟာ အေးချမ်းစေရာ။ ။

*အမေ့အိမ်*

လျှောက်နေတဲ့ခရီးတဝက်

ရေးခဲ့မိတဲ့သက်ပုံမှား

အိမ်မတ်တံခါးအလုံပိတ်

ပျော်စရာအတိတ်ဟိုအဝေး

နဖူးကချွေးခြေမအထိကျ

ပေးဆပ်နေရတဲ့ဘဝလက်ကျန်

လောကဓံတရားထွေးလုံး

သတိရဆုံးကအမေ့အိမ်ကိုပါ

ရွှေဆံတော်ဘုရားနဲ့မဝေး

ခိုင်မာတဲ့နဝဒေးတတားနဲ့

ငွေရောင်သန်းတဲ့ဧရာဝတီ

မြို့တော်ပြည်၏အနောက်ကမ်း

အဝေးကမှန်းဆလို့သားဆုတောင်း

အရာရာမပြောင်းလဲးပါစေနဲ့လို့။

*အလွမ်းကမ်းခြေ*

ဂီတတေးသွား နားဝဆီပြေးလာ

   ကလျာဏမိတ္တသဘော ဖြတ်သန်း

   စမ်းသပ်မရတဲ့ခံစားမှုတို. ထကြွလာတယ်။

* အိမ်ပြန်ငှက်တစ်ထောင် အိပ်တန်းပြန်ချိန်

   ဇိမ်မရှိတဲ့ ကိုးလိုးကန်.လန်. စမ်းချောင်းပေါ်အရိပ်ထင်

   မြင်ရတဲ့မျက်နှာလေး ကြေးမုံထဲထင်ရှားလာတယ်။

* နံရံကပ်ရှုခင်းစာတစ်ရွက်  ရှေ.တည့်တည့်

   လူတစ်ယောက် ရွက်ဖြူတစ်ရွက် လှေငယ်တစ်စင်း

   ရွက်လွှင့်ခြင်းကမ်းပါးကို ငါ..စွန်.ပစ်ကျောခိုင်းတဲ့အခါ

   ပင်ကိုယ်ရင်းစွဲမျက်ရည်တွေ

   စီးကျလာတယ်...။

“အဖြည့်ခံ”

* အကြည့်စူးစူး ရင်ခုန်မူး

   ချစ်သူမျက်လုံးမှာ။

* အချစ်စကား ဆိုဖွယ်ငြား

   ချစ်သူနှုတ်ခမ်းမှာ။

* အနမ်းတစ်ပွင့် ကျန်နေရစ်

   ကိုယ့်ရဲ.ပါးပြင်မှာ။

* ပျော်ရွှင်ကြည်နူး ဒို.နှစ်ဦး

   ကမ်းလင့်ကြိုတဲ့အခါ။

* နှလုံးသားဝပ်ဆင်း ဦးခိုက်ရင်း

   ချစ်သူခြေရင်းမှာ။

* အလွမ်းချန်ထား ရင်ခွင်ကြား

   မင်းထွက်သွားတဲ့အခါ။

* ဒဏ်ရာလည်းကြမ်း ရင်ခွင်နွမ်း

   မင်းချန်သွားတဲ့အခါ။

* ကြွေမွပျက်သွား နှလုံးသား

   ချစ်သူမင်းကြောင့်သာ။

Tuesday, July 24, 2012

“ချစ်သူသင်တဲ့အလွမ်းကဗျာ”

"ကဗျာ မသိ

စာမသိ

တေးကိုမသိဘဲ

ကဗျာကိုရေး

စာကိုရေး

တေးကိုဆိုညည်းနေမိတယ်..."

ကဗျာမရေးတတ်တဲ့

လက်ကို....

ကဗျာရေးတတ်အောင်...

ကဗျာတွေကို

မခံစားတတ်တဲ့

ရင်ဘက်ကို

ကဗျာတွေ

ခံစားတတ်အောင်....

သင်ပေးခဲ့တယ်နော်....

ခံစားရင်းတေးဆိုတဲ့

အချိန်တွေမှာ.....

သတိရတတ်အောင်လဲ

သင်ပေးခဲ့တယ်နော်....

စာလုံးလေးတွေကို

တေးသွားအဖြစ်

ပြောင်းတတ်အောင်

သင်ပေးခဲ့တဲ့ချစ်သူ....

မဆုံနိုင်အောင် ကမ္ဘာခြားနေလည်း...

လွမ်းတဲ့အကြောင်းတွေကို

ကဗျာ အဖြစ်ပြောင်းလဲကာ...

တေးသွားတွေအဖြစ်

ပြောင်းလဲလိုက်ပါတယ်....

ဘ၀ခြားလို့ မသိနိုင်ပေမယ့်..

လေပြေလေးတွေကို

အကူညီတောင်းပြီး

ချစ်သူ သိအောင်....

ချစ်သူ ကြားအောင်....

ချစ်သူ ဆီရောက်အောင်....

ပို့ပေးလိုက်ပါတယ်.....

"အချိန်တွေပြောင်း

ရာသီဟောင်း ကုန်လို့...

ရာသီအသစ်ကို...

အသစ်တစ်ဖန်

ရောက်လာသော်လည်း....

လွမ်းဆဲ.....

ဆွေးဆဲ.....

တမ်းတမြင်ယောင်မိတာ

ချစ်သူရဲ့....

ချိုသာသော အပြုံး....

ချိုသာသော အသံ....

ဘယ်တော့မှ မမေ့နိုင်တာ.....

ချစ်သူသိပါစေ...."

ချစ်သူသင်ပေးခဲ့လို့

ရေးစပ်နိုင်ခဲ့တဲ့ ကဗျာတွေက

"အလွမ်းကဗျာ........."

*ချစ်တတ်သူများသို့*

* အရှေ.ဆီနေခြည်သန်း

   ချစ်သူရှိရာ အရင်လွမ်း။

* မွန်းတည့်ချိန် ဘာစိတ်ကူး

   ပျော်ရွှင်ကြည်နူး ဒို.နှစ်ဦး။

* နေညိုချိန် ဘာတွေးကြည့်

   ချစ်သူမျက်နှာ ပြေးမြင်မိ။

* သန်းခေါင်ယံ ဘယ်လိုအိပ်

   ချစ်သူစိတ်နဲ. မျက်လုံးမှိတ်။

* မနက်၊ နေ.လယ်၊ သန်းခေါင်

   ဘယ်အချိန်ရောက်ရောက်

   မင်းတစ်ယောက်ပါပဲ။

Monday, July 23, 2012

*အမေ့အိမ်*

လျှောက်နေတဲ့ခရီးတဝက်

ရေးခဲ့မိတဲ့သက်ပုံမှား

အိမ်မတ်တံခါးအလုံပိတ်

ပျော်စရာအတိတ်ဟိုအဝေး

နဖူးကချွေးခြေမအထိကျ

ပေးဆပ်နေရတဲ့ဘဝလက်ကျန်

လောကဓံတရားထွေးလုံး

သတိရဆုံးကအမေ့အိမ်ကိုပါ

ရွှေဆံတော်ဘုရားနဲ့မဝေး

ခိုင်မာတဲ့နဝဒေးတတားနဲ့

ငွေရောင်သန်းတဲ့ဧရာဝတီ

မြို့တော်ပြည်၏အနောက်ကမ်း

အဝေးကမှန်းဆလို့သားဆုတောင်း

အရာရာမပြောင်းလဲးပါစေနဲ့လို့။

*အဖေ*

အဖေဆိုတာ  သဘာဝက

ဖန်တီးပေးတဲ့ လိုတရ

နတ်မင်းကြီးတစ်ပါးပါ

မိသားစုအတွက်အခက်အခဲ

တွေကိုရှေ့ကနေရင်ဆိုင်တဲ့သူ

မိသားစုအရေးကိုရှေ့တန်းတင်

အခက်အခဲဆိုလျှင်ရှေ့ကနေရင်ဆိုင်တဲ့

လိုတရနတ်မင်းကြီးတွေရဲ့

ကျေးဇူးတရာားကိုနားမလည်ရင်

မင်းဘ၀နစ်မွန်းလိမ့်မယ်

သူငယ်ချင်း .........

*အချစ် ခံစားချက်*

အေးခဲတာကို ငါကြောက်တယ်.. ဒါပေမယ့် နှင်းကို ငါချစ်မိသွားတယ်။

မှောင်မည်းတာကို ငါကြောက်တယ်... ဒါပေမယ့် ညကို ငါချစ်မိသွားတယ်။

နာကျင်တာကို ငါကြောက်တယ်... ဒါပေမယ့် ဒဏ်ရာအထပ်ထပ်ဖြစ်အောင် ငါ့ကိုယ်ငါညှင်းဆဲတယ်။

ဆူညံတာကို ငါမနှစ်သက်ဘူး... အထီးကျန်မှာကို ငါကြောက်ပြန်တယ်။

နင့်ကိုငါ ချစ်မိသွားတယ်... တစ်နေ့ နင်လှည့်ထွက်သွားမှာကို ငါကြောက်မိပြန်တယ်။

နင်ဟာ ငါ့ရဲ့နွေဦးရာသီလို့ ငါထင်ခဲ့တယ်။

လှပတဲ့နွေဦးရာသီလို နွေးထွေးခြင်းတွေ နင်သယ်လာလိမ့်မယ်လို့ ထင်ခဲ့မိတယ်။

ပျော်ရွှင်ခြင်းကို ငါလိုချင်တယ်...ဒါပေမယ့် နင့်အတွက်နဲ့ မျက်ရည်တွေ ငါအခါခါကျပေါ့ကွယ်.....

အချစ်က အချစ်ပါပဲ... ဒါပေမယ့် ဘဝတစ်ခုရှင်သန်ဖို့ အချစ်ဆိုတာလည်း လိုအပ်တယ်။ အချစ်ကို ချစ်တတ်ဖို့ပဲ လိုပါတယ်။

“နောက်ဆုံးကဗျာ”

ဘ၀ဆိုတာ
ခဏလေးပါပဲ...တဲ့။

အချစ်ဆိုတာလည်း
ဘယ်လောက်ကြာမှာတဲ့လဲကွယ်။

နောက်ဆုံး.... ကဗျာ
ပျောက်ဆုံးမှာစိုး၊
မြတ်နိုးသိမ်းထား၊ ရင်ခွင်ကြားမှာ...
ကာလကြာတော့..
မင်ရောင်ဖျော့ညစ်
ဒါ.... အချစ်လား။

အချစ်ကြာ... ကြာ..
အပြစ်ရှာတွေ့၊
မေ့မေ့မုန်းမုန်း၊ စာပန်းကုံးလေး
သူ... ပေးခဲ့ပြီ။

ပေးခဲ့တဲ့...စာ
ရင်မှာနာလည်း...၊
(ဘ၀ဆိုတာတောင်
ခဏလေးပါပဲ....တဲ့၊
အချစ်ဆိုတာလည်း....
ဘယ်လောက်ကြာမှာတဲ့လဲကွယ်)။

ဒီလိုနဲ့ပဲ
ကိုယ့်ရင်ထဲ
ကြေကွဲမျက်ရည် ၀ဲတော့တယ်...။ ။

“အချစ်နဲ့အလွမ်း”

* ညပေါင်းများစွာ မျှော်လင့်မိတယ်

   မင်းအသံကို ကြားရဖို.။

* လပေါင်းများစွာ စောင့်စားမိတယ်

   မင်းလေးကို တွေ.ရဖို.။

* နှစ်ချီကြာအောင် ကြိုးစားမိတယ်

   မင်းကိုယ့်ကို ချစ်မလားလို.။

* ခံစားချက်တွေ မြိုသိပ်ခဲ့ရတယ်

   မင်းစိမ်းကားလို.။

* မဖြစ်နိုင်တော့မှန်း သိခဲ့ရတယ်

   မင်းရက်စက်လို.။