Monday, July 23, 2012

*အချစ် ခံစားချက်*

အေးခဲတာကို ငါကြောက်တယ်.. ဒါပေမယ့် နှင်းကို ငါချစ်မိသွားတယ်။

မှောင်မည်းတာကို ငါကြောက်တယ်... ဒါပေမယ့် ညကို ငါချစ်မိသွားတယ်။

နာကျင်တာကို ငါကြောက်တယ်... ဒါပေမယ့် ဒဏ်ရာအထပ်ထပ်ဖြစ်အောင် ငါ့ကိုယ်ငါညှင်းဆဲတယ်။

ဆူညံတာကို ငါမနှစ်သက်ဘူး... အထီးကျန်မှာကို ငါကြောက်ပြန်တယ်။

နင့်ကိုငါ ချစ်မိသွားတယ်... တစ်နေ့ နင်လှည့်ထွက်သွားမှာကို ငါကြောက်မိပြန်တယ်။

နင်ဟာ ငါ့ရဲ့နွေဦးရာသီလို့ ငါထင်ခဲ့တယ်။

လှပတဲ့နွေဦးရာသီလို နွေးထွေးခြင်းတွေ နင်သယ်လာလိမ့်မယ်လို့ ထင်ခဲ့မိတယ်။

ပျော်ရွှင်ခြင်းကို ငါလိုချင်တယ်...ဒါပေမယ့် နင့်အတွက်နဲ့ မျက်ရည်တွေ ငါအခါခါကျပေါ့ကွယ်.....

အချစ်က အချစ်ပါပဲ... ဒါပေမယ့် ဘဝတစ်ခုရှင်သန်ဖို့ အချစ်ဆိုတာလည်း လိုအပ်တယ်။ အချစ်ကို ချစ်တတ်ဖို့ပဲ လိုပါတယ်။

No comments:

Post a Comment