Wednesday, July 25, 2012

“အဖြည့်ခံ”

* အကြည့်စူးစူး ရင်ခုန်မူး

   ချစ်သူမျက်လုံးမှာ။

* အချစ်စကား ဆိုဖွယ်ငြား

   ချစ်သူနှုတ်ခမ်းမှာ။

* အနမ်းတစ်ပွင့် ကျန်နေရစ်

   ကိုယ့်ရဲ.ပါးပြင်မှာ။

* ပျော်ရွှင်ကြည်နူး ဒို.နှစ်ဦး

   ကမ်းလင့်ကြိုတဲ့အခါ။

* နှလုံးသားဝပ်ဆင်း ဦးခိုက်ရင်း

   ချစ်သူခြေရင်းမှာ။

* အလွမ်းချန်ထား ရင်ခွင်ကြား

   မင်းထွက်သွားတဲ့အခါ။

* ဒဏ်ရာလည်းကြမ်း ရင်ခွင်နွမ်း

   မင်းချန်သွားတဲ့အခါ။

* ကြွေမွပျက်သွား နှလုံးသား

   ချစ်သူမင်းကြောင့်သာ။

No comments:

Post a Comment