Wednesday, July 25, 2012

မနှိုင်းသင့်တဲ့အရာ

မိုးက ရွာတယ်

အမေ့ နို့ကချိုတယ်

အုန်းသီးရှာထွက်သွားတဲ့ အဖေ

တမလွန်မှာ ခရီးကျွံနေတာ

ပြက္ခဒိန် (၁၈) ချပ်တောင်ဟောင်းပေါ့

အမေတစ်ခု သားသမီးလေးခုနဲ့

ရောင့်ရဲ့ တတ်ခဲ့ရတဲ့အမေ

အနေတတ်ခဲ့လို့ သားတို့ဘ၀တွေ

အခြေမပျက်ခဲ့ရပါဘူး........။

မရေတွက်နိုင်အောင်

များပြားလှတဲ့ ကျေးဇူးတွေ

အခုမှတွေးဖူးတာ ရင်နာစရာပါ..........။

ပင်ပန်းနွမ်းနယ်နေတဲ့

အိပ်တန်းပြန်ငှက်ကလေးတွေကို

အပန်းပြေစေတဲ့ အမေ့အသံ

အမေ့ဟန် အမေ့စေတနာမှန်တွေက

မြင့်မိုရ်တောင်နဲ့ အနှိုင်းခံရတာ

အမေနစ်နာလွန်းပါတယ်ဗျာ............

No comments:

Post a Comment