Tuesday, July 24, 2012

“ချစ်သူသင်တဲ့အလွမ်းကဗျာ”

"ကဗျာ မသိ

စာမသိ

တေးကိုမသိဘဲ

ကဗျာကိုရေး

စာကိုရေး

တေးကိုဆိုညည်းနေမိတယ်..."

ကဗျာမရေးတတ်တဲ့

လက်ကို....

ကဗျာရေးတတ်အောင်...

ကဗျာတွေကို

မခံစားတတ်တဲ့

ရင်ဘက်ကို

ကဗျာတွေ

ခံစားတတ်အောင်....

သင်ပေးခဲ့တယ်နော်....

ခံစားရင်းတေးဆိုတဲ့

အချိန်တွေမှာ.....

သတိရတတ်အောင်လဲ

သင်ပေးခဲ့တယ်နော်....

စာလုံးလေးတွေကို

တေးသွားအဖြစ်

ပြောင်းတတ်အောင်

သင်ပေးခဲ့တဲ့ချစ်သူ....

မဆုံနိုင်အောင် ကမ္ဘာခြားနေလည်း...

လွမ်းတဲ့အကြောင်းတွေကို

ကဗျာ အဖြစ်ပြောင်းလဲကာ...

တေးသွားတွေအဖြစ်

ပြောင်းလဲလိုက်ပါတယ်....

ဘ၀ခြားလို့ မသိနိုင်ပေမယ့်..

လေပြေလေးတွေကို

အကူညီတောင်းပြီး

ချစ်သူ သိအောင်....

ချစ်သူ ကြားအောင်....

ချစ်သူ ဆီရောက်အောင်....

ပို့ပေးလိုက်ပါတယ်.....

"အချိန်တွေပြောင်း

ရာသီဟောင်း ကုန်လို့...

ရာသီအသစ်ကို...

အသစ်တစ်ဖန်

ရောက်လာသော်လည်း....

လွမ်းဆဲ.....

ဆွေးဆဲ.....

တမ်းတမြင်ယောင်မိတာ

ချစ်သူရဲ့....

ချိုသာသော အပြုံး....

ချိုသာသော အသံ....

ဘယ်တော့မှ မမေ့နိုင်တာ.....

ချစ်သူသိပါစေ...."

ချစ်သူသင်ပေးခဲ့လို့

ရေးစပ်နိုင်ခဲ့တဲ့ ကဗျာတွေက

"အလွမ်းကဗျာ........."

No comments:

Post a Comment