Thursday, July 26, 2012

*သတိတကယ်ဖြစ်တတ်သည်*

* လေယူရာတိမ်း
ယိမ်းနွဲ.တတ်တဲ့
အချစ်သစ်ပင်
စိုက်ပျိုးစဉ်က
ကျွေးတဲ့မြေဆီ
`သစ္စာ´မည်၏။
* နားလည်မှုတရားနဲ.
ပက်ဖြန်းခဲ့တဲ့သီတာရေကြည်
`ခ န္တီ´တွေဖြစ်နေတော့
ပွင့်လန်းခဲ့တဲ့ မာလာဆိုလည်း
အကြင်နာတွေပဲလေ။
* ဒီလောက်လှပ
ရှုမ၀တဲ့အချစ်သစ်ပင်
သံသယဆိုတဲ့လေနီကြမ်း
တစ်ချက်ရမ်းလိုက်တာ
ပင်စည်ကျိုးကျ မြေခခဲ့ရတယ်။ 303

No comments:

Post a Comment