Monday, July 23, 2012

*အမေ့အိမ်*

လျှောက်နေတဲ့ခရီးတဝက်

ရေးခဲ့မိတဲ့သက်ပုံမှား

အိမ်မတ်တံခါးအလုံပိတ်

ပျော်စရာအတိတ်ဟိုအဝေး

နဖူးကချွေးခြေမအထိကျ

ပေးဆပ်နေရတဲ့ဘဝလက်ကျန်

လောကဓံတရားထွေးလုံး

သတိရဆုံးကအမေ့အိမ်ကိုပါ

ရွှေဆံတော်ဘုရားနဲ့မဝေး

ခိုင်မာတဲ့နဝဒေးတတားနဲ့

ငွေရောင်သန်းတဲ့ဧရာဝတီ

မြို့တော်ပြည်၏အနောက်ကမ်း

အဝေးကမှန်းဆလို့သားဆုတောင်း

အရာရာမပြောင်းလဲးပါစေနဲ့လို့။

No comments:

Post a Comment